Share this

အမျိုးသားလွှတ်တော် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးကာလများတွင် ဥပဒေလုပ်ထုံးလုပ်နည်းဆိုင်ရာ ကွဲလွဲမှုများ၊ ထူးခြားမှုရှိသည့် လွှတ်တော်ဆိုင်ရာဆောင်ရွက် ချက်များ၊ လွှတ်တော်ကော်မတီများ၏ တာဝန်နှင့် ကျင့်ဝတ်များနှင့် စပ်လျဉ်း၍ ဟောပြောဆွေးနွေးပွဲ အခမ်းအနားကျင်းပ

သတင်းနှင့် ပြန်ကြားရေး

အမျိုးသားလွှတ်တော် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးကာလများတွင် ဥပဒေလုပ်ထုံးလုပ်နည်းဆိုင်ရာ ကွဲလွဲမှုများ၊ ထူးခြားမှုရှိသည့် လွှတ်တော်ဆိုင်ရာ ဆောင်ရွက်ချက်များ၊ လွှတ်တော်ကော်မတီများ၏ တာဝန်နှင့် ကျင့်ဝတ်များနှင့် စပ်လျဉ်း၍ ဟောပြောဆွေးနွေးပွဲအခမ်းအနားကို (၃.၇.၂၀၁၉) ရက်နေ့ ၁၀၀၀ နာရီအချိန်တွင် အမျိုးသားလွှတ်တော် (J-ဆောင်) ထမင်းစားခန်းမကြီး၌ အစီအစဉ် (၉)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး၊  အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူး(ငြိမ်း)ကျွမ်းကျင်ပညာရှင် ဦးသိန်းမော်မှ အမျိုးသားလွှတ်တော် ပထမအကြိမ်နှင့် ဒုတိယအကြိမ် အစည်းအဝေးကာလများတွင် ဥပဒေ၊ နည်းဥပဒေများနှင့် ကွဲပြားစွာဆောင်ရွက်ခဲ့သော ထူးခြားဖြစ်စဉ် အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက် အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူး(ငြိမ်း)ကျွမ်းကျင်ပညာရှင် ဦးလှဝင်းမှလည်း လွှတ်တော်အစည်းအဝေးများဆိုင်ရာ လိုက်နာကြရသည့် ကျင့်ဝတ်များအား ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။

အခမ်းအနားသို့ အမျိုးသားလွှတ်တော်ရုံးမှ ဝန်ထမ်း(၉၈)ဦး တက်ရောက်ခဲ့ပြီး ၁၄၁၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။