Share this

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းအား အင်ဒိုနီးရှား သံအမတ်ကြီး ဦးဆောင်သည့်အဖွဲ့ လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းအား ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် အမျိုးသားလွှတ်တော် ရေးရာဆောင် (I-20) ၌ မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး H. E. Dr. Ito Sumardi ဦးဆောင်၍ Principal of Indonesia International School Yangon (IISY) မှ ကျောင်းအုပ်ကြီးနှင့်အဖွဲ့ လာရောက်တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီ၊ နိုင်ငံတကာ ဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်တင်၊ ပြည်သူ့ငွေစာရင်းကော်မတီ အဖွဲ့ဝင် ဦးနုနှင့် အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပုဂ္ဂလိကပညာရေး ဥပဒေကြမ်းနင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။