Share this

အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် (၁၈.၆.၂၀၁၈)ရက်နေ့ မွန်းလွဲ(၁၃၀၀)နာရီတွင် ရေးရာဆောင်အမှတ် (I-14) အစည်းအဝေးခန်းမ၌ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူများသည် ဆီအုန်းနောက်ကွယ် အစီရင်ခံစာနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အကျိုးဆက်များအား အကောင်းဆုံးရင်ဆိုင်ဖြေရှင်းရန်အတွက် မြေယာဘဏ် ထားရှိရေးဆိုင်ရာ၊ သုတေသနေ ကနဦးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ တွေ့ဆုံရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးကြပြီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြား၍ တွေ့ဆုံပွဲအခမ်းအနားကို (၁၆၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။