Share this

အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီနှင့် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီတို့အား ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီဦးဆောင်သောအဖွဲ့က လာရောက်တွေ့ဆုံ

တွေ့ဆုံမှု

အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီနှင့် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီတို့အား ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီဦးဆောင်သောအဖွဲ့သည် (၁၉.၁.၂၀၁၇) ရက်နေ့ (၁၀၀၀)နာရီမှ (၁၃၀၅) နာရီအထိ အမျိုးသားလွှတ်တော်၊(Talk Room) အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး၊ ကော်မတီဝင်များဖြစ်ကြသော ဒေါ်နွယ်နွယ်အောင်၊ ဒေါ်အုန်းကြည် (ခ) ဒေါ်လှဌေး၊ ဦးဆန်းမြင့်နှင့် ဗိုလ်မှူးချုပ်ခင်မောင်အေး၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီဝင် များဖြစ်ကြသော ဒေါက်တာခွန်ဝင်းသောင်း၊ ဦးအောင်ကျော်စိုး၊ ဦးစောချစ်ဦး၊ ဦးဝင်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးအောင်မျိုးလတ်၊ ဦးဖေချစ်နှင့် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်း၊ ကော်မတီဝင်များဖြစ်ကြသော ဒေါက်တာတင်တင်ဝင်း၊ ဦးမောင်မောင်ဆွေနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြ ပါသည်။