Share this

အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ၊ နိုင်ငံတကာဆက်ဆံရေး လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဋ္ဌများနှင့် တပ်မတော်သားကိုယ်စားလှယ်တို့အား UNDP ၏ လွှတ်တော်ထောက်ပံ့ရေးအစီအစဉ် အကဲဖြတ်သုံးသပ်ရေးအဖွဲ့မှ MR. NIALL JOHNSTON ဦးဆောင်သောအဖွဲ့က လာရောက်တွေ့ဆုံ

တွေ့ဆုံမှု

အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ၊ နိုင်ငံတကာဆက်ဆံရေး လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဋ္ဌများနှင့် တပ်မတော်သားကိုယ်စားလှယ်တို့အား UNDP ၏ လွှတ်တော်ထောက်ပံ့ရေးအစီအစဉ် အကဲဖြတ်သုံးသပ်ရေးအဖွဲ့မှ Mr. Niall Johnston ဦးဆောင်သောအဖွဲ့က (၂၄.၈.၂၀၁၆) ရက်နေ့ (၁၃၀၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင် UNDP မှ မြန်မာလွှတ်တော်သို့ ရှေ့ဆက်၍ ကူညီထောက်ပံ့ရေးလုပ်ငန်းစဉ်များတွင် ပိုမိုပြည့်စုံသောအစီအမံများ၊ အစီအစဉ်များ ဆက်လက် ဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အသွေးပိုမိုမြှင့်တင်ပေးနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အပြန်အလှန် ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌများ၊ တပ်မတော်သားကိုယ်စားလှယ်နှင့်အတူ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။