Share this

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်းနှင့် ကော်မတီအဖွဲ့ဝင်များအား UNICEF Myanmar အဖွဲ့က လာရောက် တွေ့ဆုံဆွေးနွေး

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီသည် UNICEF Myanmar အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် (၁၈.၉.၂၀၁၉) ရက်၊ နံနက် (၀၈၄၅)နာရီမှ (၀၉၄၀)နာရီအချိန်ထိ ရေးရာဆောင်အမှတ် (I-20) အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေး အကြံဉာဏ်များရယူခဲ့ပါသည်။  

ယင်းသို့တွေ့ဆုံရာတွင် “ ကလေးများနှင့် ဆယ်ကျော်သက်လူငယ်များ အနေဖြင့် ၎င်းတို့၏ သိမြင်ခံစားချက်များ ” နှင့်စပ်လျဉ်း၍  ဆွေးနွေးပြောကြားပါသည်။ 

အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်း၊  အဖွဲ့ဝင်များဖြစ်ကြသော ဦးကျော်ကျော်ဝင်း၊ ဦးကျော်နိုင်၊ ဦးအေးမင်းဟန်၊ ဒေါက်တာဝင်းမြင့်ချစ်၊ ဦးတင်ဝေ၊ ဦးဖေချစ်၊ နော်ဆာမူထူး၊ ဦးအောင်မျိုး၊ ဒေါ်သန်းသန်းအေး ၊ အတွင်းရေးမှူးဒေါ်ခင်ဆွေလွင်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။