Share this

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်းနှင့် ကော်မတီအဖွဲ့ဝင်များအား အခရာအမျိုးသမီးအဖွဲ့က လာရောက်တွေ့ဆုံဆွေးနွေး

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီသည် အခရာအမျိုးသမီးအဖွဲ့နှင့် (၅.၁၂.၂၀၁၉)ရက်၊ (၁၃၀၀)နာရီမှ (၁၄၀၀)နာရီအချိန်ထိ ရေးရာဆောင် အမှတ် (I-18)အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။  

ယင်းသို့တွေ့ဆုံရာတွင် “ပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများ၏ အတွေ့အကြုံများ”နှင့် စပ်လျဉ်း၍  ဆွေးနွေးပြောကြားပါသည်။ 

အဆိုပါအစည်းအဝေးသို့ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးကျော်ကျော်ဝင်း၊ ဒေါက်တာဝင်းမြင့်ချစ်၊ ဒေါ်အိအိပြုံး၊ နော်ဆာမူထူး၊ အတွင်းရေးမှူး ဒေါ်ခင်ဆွေလွင်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီမှ အဖွဲ့ဝင် ဒေါ်ရွှေရွှေစိန်လတ်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။