Share this

အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ/ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လှုပ်ရှားမှုများ
သတင်းနှင့် ပြန်ကြားရေး

အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိပုဂ္ဂိုလ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို (၁၃.၈.၂၀၁၉)ရက်နေ့ ၁၃၀၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင်အမှတ် (I-20) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြောကြားပြီး၊ (၂၅.၆.၂၀၁၉)ရက်မှ (၈.၇.၂၀၁၉)ရက်အထိ ကွင်းဆင်းစိစစ်ခဲ့သည့် မေးခွန်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရန် မှာကြားပါသည်။

ထို့နောက် မေးခွန်းရှင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဆွေလွင်၊ ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉)နှင့် ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းလေ့လာစိစစ်တွေ့ရှိချက်များကို တင်ပြခဲ့ပြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၏ ပြန်လည်ရှင်းလင်းတင်ပြမှုများအပေါ် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေ၊ အတွင်းရေးမှူး ဦးကျော်နီနိုင်၊ ကော်မတီအဖွဲ့ဝင်များ၊ ချင်းပြည်နယ်အစိုးရအဖွဲ့မှ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဝီကော၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။