Share this

အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၄.၈.၂၀၁၉)ရက်နေ့ (၁၂၁၅)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင်ကော်မတီ၏ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးမင်းဦး၊ အတွင်းရေးမှူး ဒေါက်တာပြည့်ဖြိုးနှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၃၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။