Share this

အမျိုးသားလွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့အား The World Bank, Environment and Natural Resources Global Practice, Manager Mr.Christophe Crepin နှင့်အဖွဲ့တို့မှ လာရောက်တွေ့ဆုံဆွေးနွေး

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့အား The World Bank, Environment and Natural Resources Global Practice, Manager Mr.Christophe Crepin နှင့်အဖွဲ့က မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-17) အပေါ်ထပ်အစည်းအဝေးခန်းမ၌ (၁၀.၆.၂၀၁၉)ရက်နေ့ (၁၄၀၅)နာရီအချိန်၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် The World Bank, Environment and Natural Resources Global Practice အဖွဲ့မှ Manager Mr.Christophe Crepin က တွေ့ဆုံရသည့် ရည်ရွယ်ချက်၊ သစ်တောသယံဇာတလုပ်ငန်း၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု(ပလတ်စတစ်)၊ ကမ်းရိုးတန်းဒေသ ထိန်းသိမ်းခြင်းလုပ်ငန်း၊ ငါးသယံဇာတထိန်းသိမ်းခြင်းလုပ်ငန်း၊ Environmental Impact Assessment-EIA ပတ်ဝန်းကျင်ဆန်းစစ်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ လက်ရှိ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ Mr.Martin Fodor က အခြေခံအဆောက်အအုံနှင့် သစ်တောလုပ်ငန်း၊ ကမ်းရိုးတန်းဒီရေတောနှင့်ရခိုင်ဒီရေတောများ ပြန်လည်စိုက်ပျိုး၍ ရေရှည်ထိန်းသိမ်းခြင်းလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးနှင့်ငါးလုပ်ငန်း၊ Small and Medium Enterprise-SME လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများ ကျယ်ပြန့်လာစေရန်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြပြီး တက်ရောက်လာသည့် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များမှ သိရှိလိုသည်များအား မေးမြန်းရာ Mr.Martin Fodor က ပြန်လည်ဖြေကြားခဲ့ပါသည်။

ထို့နောက် အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟတို့က နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို (၁၅၄၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။