Share this

အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၄/၂၀၁၉)ကျင်းပ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၆.၉.၂၀၁၉)ရက်နေ့ ၁၂၂၀၀ နာရီတွင် အမျိုးသားလွှတ်တော်ရေးရာဆောင်အမှတ် (I-20) အပေါ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ဦးစွာပထမ အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ကော်မတီအတွင်းရေးမှူး ဦးမောင်မောင်လတ်က လုပ်ငန်းနှင့်ပတ်သက်သည့် ကိစ္စရပ်များကိုရှင်းလင်းကာ တက်ရောက်လာကြသည့် ကော်မတီဝင်များက ဆွေးနွေးညှိနှိုင်းကြပါသည်။

ထို့နောက် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ၁၂၅၅ နာရီတွင် ရပ်နားခဲ့ပါသည်။