Share this

အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား မြန်မာနိုင်ငံအခြေစိုက် ဥရောပကုန်သည်ကြီးများအသင်း (EuroCham Myanmar) မှ တာဝန်ရှိပုဂ္ဂိုလ်များ လာရောက်တွေ့ဆုံ

သတင်းနှင့် ပြန်ကြားရေး

အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား မြန်မာနိုင်ငံအခြေစိုက် ဥရောပကုန်သည်ကြီးများအသင်း (EuroCham Myanmar)မှ တာဝန်ရှိပုဂ္ဂိုလ်များက (၁၄.၅.၂၀၁၉)ရက်နေ့ (၁၅၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I - 20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ဥရောပကုန်သည်ကြီးများအသင်း အထည်ချုပ်လုပ်ငန်း Advocacy Group အနေဖြင့် ကုန်ပစ္စည်းများ တင်ပို့ခွင့်သဘောတူညီချက် (EBA)နှင့် ပတ်သက်သည့် အတွေးအမြင်ရှုမြင်သုံးသပ်ချက်များနှင့် အထည်ချုပ်လုပ်ငန်းကဏ္ဍ၏ လိုအပ်ချက်များအပေါ် ပုဂ္ဂလိကကဏ္ဍမှ သဘောထားသုံးသပ်ချက်များကို ပံ့ပိုးပေးရန်ရည်ရွယ်သည့် အစီရင်ခံစာနှင့် နောင်အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေး၊ အတွင်းရေးမှူး ဦးဥက္ကာမင်း၊ အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာခင်မကြီး၊ ဦးကျင့်ခန့်ပေါင်၊ ဦးလှဆန်း၊ ဦးစိုးသီဟ(ခ)မောင်တူး၊ ဦးကြည်ဝင်း၊ ဒေါ်အိအိပြုံး၊ ဒေါ်စန်းစန်းမြင့်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။