Share this

အမျိုးသားလွှတ်တော်၊ မြန်မာ-စင်္ကာပူ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းအား စင်္ကာပူသံရုံးမှ သံရုံးဒုတိယအကြီးအကဲနှင့် သံမှူးဖြစ်သူ Mr.Koh Chee Chian က တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခြင်းမပြုမီ လာရောက်တွေ့ဆုံ နှုတ်ဆက်ခြင်း

လှုပ်ရှားမှုများ

ရန်ကုန်မြို့ရှိ စင်္ကာပူသံရုံးမှ သံရုံးဒုတိယအကြီးအကဲနှင့် သံမှူးဖြစ်သူ Mr.Koh Chee Chian သည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခြင်းမပြုမီ (၂၆.၂.၂၀၁၉)ရက်နေ့ (၁၆၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-20) ဧည့်ခန်းမဆောင်တွင် မြန်မာ-စင်္ကာပူ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းအား လာရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာ-စင်္ကာပူ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း ဥက္ကဋ္ဌ ဦးမင်းဦး၊ အတွင်းရေးမှူး ဦးမောင်မောင်လတ်နှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တွေ့ဆုံနှုတ်ဆက်ပွဲကို (၁၆၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။