Share this

အမျိုးသားလွှတ်တော်၊ ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီအား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener က လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener နှင့် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီမှ အဖွဲ့ဝင်များသည် (၁၇-၇-၂၀၁၉)ရက် (ဗုဒ္ဓဟူးနေ့) (၁၄:၀၀) နာရီအချိန်၌ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-20)တွင် တွေ့ဆုံကြပါသည်။ 

ထိုသို့တွေ့ဆုံရာတွင် ဥပဒေပြုရေးကိစ္စရပ်များ၊ ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီ ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။