Share this

အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ၏ စုံစမ်းလေ့လာမှုအစီအစဉ်အတွက် တွေ့ဆုံဆွေးနွေးခြင်း

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ၏ စုံစမ်းလေ့လာမှုအစီအစဉ်ကို အမျိုးသား ပညာရေးမူဝါဒကော်မရှင်၊ သင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ရေးကော်မတီ၊ အဆင့်မြင့်ပညာဦးစီးဌာန(ဆရာအတတ်သင်)၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ တိုင်းရင်းသား ဘာသာစကားဦးစီးဌာနတို့နှင့် “မိမိတို့လူ့ဘောင် အဖွဲ့အစည်းနှင့် စီးပွားရေး၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်သော သင်ရိုးညွှန်းတမ်းများအား ပြုစုခြင်း၊ သင်ကြားလေ့ကျင့်အကဲဖြတ်ခြင်း” ခေါင်းစဉ်ဖြင့် (၆.၃.၂၀၁၉)ရက်နေ့ (၁၃၂၀)နာရီမှ (၁၇၃၀)နာရီအချိန်အထိ ရေးရာဆောင်အမှတ် (I-14) အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။