Share this

အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီတို့မှ ဥက္ကဋ္ဌများအား WFD မှ လာရောက်တွေ့ဆုံ

သတင်းနှင့် ပြန်ကြားရေး

အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီနှင့် ပညာရေးမြှင့်တင်မှုကော်မတီတို့မှ ဥက္ကဋ္ဌများအား  Westminster Foundation for Democracy (WFD) တို့က (၈.၆.၂၀၁၈)ရက် (၈၀၀) နာရီတွင် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-20) ဧည့်ခန်းမ လာရောက် တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင်  Gender (ကျား/မရေးရာ) အကြီးတန်းအကြံပေးပညာရှင် Ms. Shannon O’Connell  မှ လွှတ်တော်ရှိ ကော်မတီများနှင့် Gender (ကျား၊ မရေးရာ)နှင့် ဥပဒေပြုရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ သိလိုသည်များကို တွေ့ဆုံဆွေးနွေးပြောကြား ပါသည်။   

အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်း၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါ်နော်မြစေးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။