Share this

အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါ်နော်မြစေးနှင့် ကော်မတီဝင်များအား ပညာရေးဝန်ကြီးဌာနနှင့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီတို့က လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါ်နော်မြစေးနှင့် ကော်မတီဝင်များအား ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သင်ရိုးညွှန်းတမ်းရေးဆွဲနေသည့်အဖွဲ့၊ အခြေခံပညာဦးစီးဌာနနှင့် အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီတို့က (၂၈.၅.၂၀၁၉)ရက်နေ့ (၁၃၀၀)နာရီတွင် ရေးရာဆောင်အမှတ် (I-14) အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် အခြေခံပညာသင်ရိုးညွှန်းတမ်းအသစ် KG, Grade-1, Grade-2, Grade3 နှင့် Grade-6 တို့နှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါ်နော်မြစေး၊ အတွင်းရေးမှူးဉီးကျော်တုတ်၊ ကော်မတီဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။