Share this

အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါ်နော်မြစေးနှင့် ကော်မတီဝင်များအား ပညာရေးဝန်ကြီးဌာန၊ MTR Working Group တွင် တာဝန်ထမ်းဆောင်နေသော ပြည်တွင်း၊ ပြည်ပ ပညာရှင်အဖွဲ့က လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါ်နော်မြစေးနှင့် ကော်မတီဝင်များအား ပညာရေးဝန်ကြီးဌာနတွင် ဆောင်ရွက်နေသည့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း၏ ကဏ္ဍတစ်ခုဖြစ်သော MTR Working Group တွင် တာဝန်ထမ်းဆောင်နေသည့် ပြည်တွင်း၊ ပြည်ပ ပညာရှင်အဖွဲ့က (၁၈ - ၇ - ၂၀၁၉) ရက် (ကြာသပတေးနေ့) (၁၅ ၀၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်  (I-14)  အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း၏ ကာလဝက် ပြန်လည်သုံးသပ်ခြင်း NESP Mid-Term Review (MTR)ကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် လိုအပ်သောအချက်အလက်များ ရရှိနိုင်ရေးအတွက် အပြန်အလှန်ဆွေးနွေးကြပါသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌဒေါ်နော်မြစေး၊ အတွင်းရေးမှူးဦးကျော်တုတ်၊ ကော်မတီဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။