Share this

အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါ်နော်မြစေးနှင့် ကော်မတီဝင်များသည် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (ပညာရေး)နှင့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီတို့နှင့်တွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါ်နော်မြစေးနှင့် ကော်မတီအဖွဲ့ဝင်များသည် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (ပညာရေး)နှင့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီတို့နှင့် (၁၄-၁၁-၂၀၁၉)ရက်နေ့ (၁၃၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-14)  အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင်  ပညာရေးမြှင့်တင်မှုကော်မတီက ပြုလုပ်ခဲ့သည့် “မိမိတို့လူ့ဘောင် အဖွဲ့အစည်းနှင့် စီးပွားရေး၏စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်သော သင်ရိုးညွှန်းတမ်းများအားပြုစုခြင်း၊ သင်ကြားလေ့ကျင့်အကဲဖြတ်ခြင်း” စုံစမ်းလေ့လာမှုအစီရင်ခံစာ၏ အကြံပြုချက်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ Grade-4, Grade-7 နှင့် Grade-10 တို့၏ သင်ရိုးညွှန်းတမ်းအသစ် ဆောင်ရွက်နေမှု များအား အပြန်အလှန်ဆွေးနွေးကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌဒေါ်နော်မြစေး၊ အတွင်းရေးမှူးဦးကျော်တုတ်၊ ကော်မတီ အဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။