Share this

အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါ်နော်မြစေးနှင့် ကော်မတီဝင်များအား Westminster Foundation for Democracy (WFD) မှ Mr.Neil Carmichale က လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါ်နော်မြစေးနှင့် ကော်မတီ အဖွဲ့ဝင်များအား Westminster Foundation for Democracy (WFD) မှ Mr.Neil Carmichale က (၂၇.၈.၂၀၁၉)ရက်(အင်္ဂါနေ့) လွှတ်တော်အစည်းအဝေးပြီးစီးချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာဆောင်အမှတ်(I-14) အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် ပညာရေးပြုပြင်ပြောင်းလဲမှု သင်ရိုးသစ် သင်ကြား/သင်ယူနေခြင်းအပေါ် စုံစမ်းလေ့လာမှုပြုလုပ်ခဲ့သည့် အစီရင်ခံစာနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါ်နော်မြစေး၊ အတွင်းရေးမှူး ဦးကျော်တုတ်၊ ကော်မတီ အဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။