Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေးဆိုင်ရာကော်မတီနှင့် ကနေဒါနိုင်ငံ Ontario ပြည်နယ်အမတ်ဟောင်း Ms. Monique Marthe Smith ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီသည် ကနေဒါနိုင်ငံ Ontario ပြည်နယ်အမတ်ဟောင်း Ms. Monique Marthe Smith ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲကို (၅-၁၂-၂၀၁၉)ရက်နေ့ (၁၃:၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-17) အောက်ထပ်ကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ကော်မတီအတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားပြီး ကနေဒါနိုင်ငံ Ontario ပြည်နယ်အမတ်ဟောင်း Ms. Monique Marthe Smith က လွှတ်တော်ကော်မတီများအား ပညာရပ်ဆိုင်ရာနှင့် လုပ်ငန်းဆိုင်ရာအထောက်အကူများ ရေရှည်ဆောင်ရွက်ပေးနိုင်ရန် လွှတ်တော်ဝန်ထမ်းများအတွက် ကြီးကြပ်ပေးခြင်းနှင့် လုပ်ငန်းခွင်အတွင်း လက်တွေ့သင်ကြားပေးခြင်းတို့အား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ရာ ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး WFD နှင့် ကော်မတီတို့ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။ 

ထို့နောက် အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး နှင့်လူ့အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားပြီး (၁၄:၀၀)နာရီအချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။