Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းအား ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး MR. MARTIN LAFLAMME က လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းအား ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Mr. Martin Laflamme က (၂၄.၅.၂၀၁၆) ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ ငြိမ်းချမ်းရေးကိစ္စရပ်များ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းနှင့်အတူ ကော်မတီဝင် ဦးစိုင်းအုန်းကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။