Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကျင်းပ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို (၁၅.၅.၂၀၁၉)ရက်နေ့ (၁၃:၀၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18) အပေါ်ထပ် အစည်းအဝေး ခန်းမ၌ကျင်းပပါသည်။

အစည်းအဝေးတွင် ကော်မတီအဖွဲ့ဝင် ဦးမောင်မောင်လတ် မှ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ နှင့် မြန်မာ စီးပွားရေးစင်္ကြံ (BCIM) အကြောင်းနှင့် အဖွဲ့ဝင် ဗိုလ်မှူးဇဝန မှ အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံအပေါ်တွင် အခွန်တိုးမြှင့်ခြင်းနှင့်ပတ်သက်၍ ဆက်တိုက်ဖိအားပေးနေမှုများနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့်အတူ ကော်မတီဝင်များ တက်ရောက်ကြြပီး အစည်းအဝေးကို (၁၃:၄၅) နာရီတွင် ရုပ်သိမ်းပါသည်။