Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကျင်းပ

သတင်းနှင့် ပြန်ကြားရေး

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကော်မတီအစည်းအဝေးကို (၂၀.၂.၂၀၁၉)ရက်နေ့ (၁၂၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-18) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

အစည်းအဝေးတွင် ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဇဝနမှ “အမေရိကန် ကုန်သွယ်ရေးမူဝါဒ ပြောင်းလဲမည့် အကြံအစည် အိန္ဒိယလက်ခံ” ဆောင်းပါးခေါင်းစဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးပြီး အဖွဲ့ဝင် ဒေါက်တာဦးကြွယ်ကြွယ်မှ ဟန်ဂေရီနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေများကို ဆွေးနွေးကြပါသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး အစည်းအဝေးကို (၁၂၅၀)နာရီတွင် ရုပ်သိမ်းပါသည်။