Share this

အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီသည် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံခြင်း

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီသည် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ တာဝန်ရှိသူများအား (၁၇-၅-၂၀၁၉)ရက်နေ့(၁၃:၀၀)နာရီအချိန်တွင် ရေးရာဆောင်အမှတ် (I-15)အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ၍ “ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉပဒေကြမ်း” နှင့် စပ်လျဉ်းပြီး အကြံပြုဆွေးနွေးလာခြင်းအပေါ် ပြန်လည်ဆွေးနွေးပေးခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များအပြင် အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ကော်မတီဝင်(၂)ဦးတို့ပါ တက်ရောက်ခဲ့ပြီး ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းဘက်မှလည်း အဆိုပါကျောင်း၏ စီမံကိန်းမန်နေဂျာနှင့်အတူ အဖွဲ့ဝင်(၉)ဦး တက်ရောက်ဆွေးနွေးခဲ့ကာ အစည်းအဝေးကို (၁၅:၁၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။