Share this

အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီသည် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေး

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီသည် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေ သင်ကြားမည့် ဆရာ/ဆရာမများ နေ့စားလပေး Teaching Assistant (TA) ခန့်ထားရေးကိစ္စနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် (၁၈ - ၉ - ၂၀၁၉) ရက်နေ့ (၁၃၀၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I - 14) ကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင်နှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။