Share this

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအား ဖိတ်ကြား၍ ဆွေးနွေးညှိနှိုင်းခြင်း

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက (၃၀.၁.၂၀၁၉) ရက်နေ့ (၁၂၀၀)နာရီတွင်  နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ်(I-17) အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းဆွေးနွေးသည်။

ယင်းသို့တွေ့ဆုံရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဦးဇော်အောင်၊ ညွန်ကြားရေးမှူးချုပ် (ငြိမ်း)၊ ဦးအောင်ကျော်ထူး (လက်ထောက်အတွင်းဝန်) နှင့် တာဝန်ရှိပုဂ္ဂိုလ်များက  လက်ရှိဆောင်ရွက်လျက်ရှိသော စွမ်းအင်ကဏ္ဍဆိုင်ရာ အခြေအနေများနှင့် ရေနံလက်ယက်တွင်း ဆိုင်ရာအခြေအနေများနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပါသည်။ အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ) ဆင်မြူရယ်၊ အတွင်းရေးမှူး ဦးမြမင်းဆွေနှင့် အဖွဲ့ဝင် (၇)ဦးတို့ တက်ရောက်ကြပါသည်။