Share this

အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနှင့် မြန်မာနိုင်ငံ စကိတ်စီးအားကစားအသင်းတို့သည် စကိတ်အားကစားနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနှင့် မြန်မာနိုင်ငံ စကိတ်စီးအားကစားအသင်းတို့သည် စကိတ်အားကစားနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို အမျိုးသားလွှတ်တော် အစည်းအဝေးပြီးစီးချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် (J-ဆောင်)၊ ထမင်းစားခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါ ရှင်းလင်းပွဲတွင် စကိတ်အဖွဲ့အတွင်းရှိ အဓိကဂုဏ်ဆောင်ကစားသမားတို့၏ ဘဝနောက်ကြောင်းအနေအထားများ၊ မြန်မာနိုင်ငံစကိတ်အဖွဲ့၏ အောင်မြင်မှု၊ ကြိုးစားအားထုတ်မှုတို့နှင့်နည်းစနစ်တို့ကို နမူနာယူ၍ မြန်မာ့အားကစားလောက ပြန်လည်ဦးမော့လာရေးနှင့် ပတ်သက်၍ ရှင်းလင်းခဲ့ရာ တက်ရောက်လာသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များမှ စိတ်ပါဝင်စားစွာဖြင့် သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ တင်ပြပွဲအခမ်းအနားသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံစကိတ်စီးအားကစားအသင်းမှ ဥက္ကဋ္ဌဦးဆောင်သောအဖွဲ့တို့က တက်ရောက်ခဲ့ပြီး ရှင်းလင်းတင်ပြပွဲကို (၁၅၃၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။