Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဧည့်သည်ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် Center for Constitutional Democracy Indiana University Maurer School of Law မှ Executive Director David  C. Williams ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇန်နဝါရီလ ၉ ရက် မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်း၊ တိုင်းရင်းသားရေးရာ၊ ပဋိပက္ခဖြေလျှော့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကော်မတီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဗညားအောင်မိုး၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်(ခ) ဦးအောင်ကျော်ဦး၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးခင်မောင်ဌေးနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။