Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် မွန်ဂိုလီးယားသမ္မတ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် မွန်ဂိုလီးယားသမ္မတ မစ္စတာ အယ်လ်ဘတ်ခ်ဒေါ့ဂျ်ဇတ်ခ်ဟီးလ်ယာဒ် ခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နိုဝင်ဘာလ ၁၉ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေး နယ်ပယ်များတွင် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေးတို့အပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။

အဆိုပါတွေ့ဆုံပွဲ အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။