Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် အာရှ- ပစိဖိတ်ဒေသ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) ၏ အမှုဆောင်အတွင်းရေးမှူး Mr.Gordon Philip Hook  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာလ ၂၁ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသားလွှတ်တော် 1-Gအဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ကော်မတီဥက္ကဋ္ဌ ဦးဇော်မြင့်ဖေ၊ ဒေါက်တာမြင့်ကြည်၊ ပါမောက္ခဒေါက်တာမြဦး၊ ဒေါ်နန်းနီနီအေးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။