Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Mrs. Hana Mottlova အား လက်ခံတွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Mrs. Hana Mottlova အား (၅.၁၂.၂၀၁၉)ရက်နေ့ ၁၅၀၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ချက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ လွှတ်တော်ချင်း ပိုမိုခိုင်မာစွာဆက်သွယ်ဆောင်ရွက်ရေး၊ ပြည်ထောင်စုအဆင့် လွှတ်တော်များသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ် များ၏ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။