Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ပြင်သစ်နိုင်ငံ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ရေးရာကောင်စီ၏ ဥရောပနှင့် နိုင်ငံတကာရေးရာဥက္ကဋ္ဌ နှင့် ပြင်သစ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ Mr. Jean-Marie Cambaceres အား လက်ခံတွေ့ဆုံ

သတင်းနှင့် ပြန်ကြားရေး

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် ပြင်သစ်နိုင်ငံ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ရေးရာကောင်စီ၏ ဥရောပနှင့် နိုင်ငံတကာရေးရာဥက္ကဋ္ဌ နှင့် ပြင်သစ်လွှတ်တော် ကိုယ်စားလှယ်ဟောင်းဖြစ်သူ Mr. Jean-Marie Cambaceres အား (၁၁.၆.၂၀၁၉)ရက်နေ့ (၁၃:၃၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံလွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြင်သစ်နိုင်ငံ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ရေးရာကောင်စီ၏ ဖွဲ့စည်းမှု၊ ဆောင်ရွက်မှုများနှင့် အတွေ့အကြုံများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော်ရုံး မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။