Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ကာဇက်စတန်သမ္မတနိုင်ငံသို့ ထွက်ခွာ

ပြည်တွင်း ပြည်ပခရီးစဉ်
သတင်းနှင့် ပြန်ကြားရေး

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ကာဇက်စတန်သမ္မတနိုင်ငံ Nur-Sultan မြို့၌ စက်တင်ဘာ ၂၃ ရက်မှ ၂၄ရက်အထိ ကျင်းပပြုလုပ်မည့် 4th Meeting of Speakers of the Eurasian Countries’ Parliaments သို့ တက်ရောက်ရန် ရန်ကုန်မြို့မှ (၂၂.၉.၂၀၁၉)ရက်နေ့ နံနက်(၀၅၅၀)တွင် လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေ၊ ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီအဖွဲ့ဝင် ဦးစိန်ဗိုလ်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါသွားကြသည်။