Share this

အမျိုးသားလွှတ်တော်သို့ ဧည့်သည်များလာရောက်လေ့လာ

သတင်းနှင့် ပြန်ကြားရေး

၉.၉.၂၀၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့ Genuine People’s Servants (GPS)မှ Project တာဝန်ခံ ဒေါ်အေးအေးပြုံး ဦးဆောင်၍ အဖွဲ့ဝင် (၁၀)ဦးတို့သည် လည်းကောင်း၊ Aloha Co., Ltd၏ စီစဉ်မှုဖြင့် Tokyo University of Foreign Studies မှ ဂျပန်နိုင်ငံသား Professor (၂)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၅)ဦးတို့သည်လည်းကောင်း အမျိုးသားလွှတ်တော် အဆောက်အအုံများကို ကြည့်ရှုလေ့လာခဲ့ကြပါသည်။