Share this

အမျိုးသားလွှတ်တော်သို့ ဧည့်သည်များလာရောက်လေ့လာ

သတင်းနှင့် ပြန်ကြားရေး

(၁၀.၁၀.၂၀၁၉)ရက်နေ့ နေ့လယ်ပိုင်းတွင် နည်းပညာတက္ကသိုလ်(ပုသိမ်)၊ အီလက်ထရောနစ်အင်ဂျင်နီယာဌာနမှ ဆရာ/ဆရာမ (၈)ဦးနှင့် သင်တန်းသား/သင်တန်းသူ (၁၂၈)ဦး၊ စုစုပေါင်း (၁၃၆)ဦးတို့သည် အမျိုးသားလွှတ်တော်ဆိုင်ရာကိစ္စရပ်များနှင့် အမျိုးသားလွှတ်တော်၏ နည်းပညာပိုင်းဆိုင်ရာများကို လာရောက်လေ့လာရာ MRTV ရိုက်ကူးရေးအစီအစဉ်နှင့် ပတ်သက်သည်များ၊ e-Voting ဆိုင်ရာများကို အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပါသည်။