Share this

အမျိုးသားလွှတ်တော်သို့ ပြည်သူများလာရောက်လေ့လာ

သတင်းနှင့် ပြန်ကြားရေး

၆-၁၂-၂၀၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင် ရေတာရှည်မြို့နယ်၊ နန်ချွန်(တောင်)ကျေးရွာရှိ မြန်မာ့ သစ်လုပ်ငန်း၊ စီမံကိန်းနှင့်စာရင်းအင်းဌာန၊ လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ်(၁) နန်ချွန် တွင် ဖွင့်လှစ်သည့် ဆင်ဆေးကု(အကူ) သင်တန်းအမှတ်စဉ် (၁)မှ သင်တန်းသား/ သူများနှင့် အုပ်ချုပ်သူအရာရှိများ စုစုပေါင်း (၄၃)ဦးတို့သည် အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာခဲ့ကြပါသည်။