Share this

အမျိုးသားလွှတ်တော်သို့ ပြည်သူများလာရောက်လေ့လာ

သတင်းနှင့် ပြန်ကြားရေး

၉.၈.၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနက ဦးစီးဖွင့်လှစ်သော လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းတစ်ခုဖြစ်သည့် စာပေဖန်တီးရေးသားမှုနှင့်တည်းဖြတ်မှုအတတ်ပညာဒီပလိုမာ(PGDCWE) သင်တန်းမှ ကြီးကြပ်သူ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ(၅၄)ဦးတို့သည် အမျိုးသားလွှတ်တော်အဆောက်အအုံများကို ကြည့်ရှုလေ့လာခဲ့ကြပါသည်။