Share this

အမျိုးသားလွှတ်တော်သို့ ပြည်သူများလာရောက်လေ့လာ

သတင်းနှင့် ပြန်ကြားရေး

(၁၈.၇.၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင် (မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်-၁၂)၏ မိတ်ဆွေ(၇)ဦးတို့သည် ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပနေမှုကို လာရောက်လေ့လာခဲ့ပြီး ရေတာရှည်မြို့နယ်၊ နန်ချွန်(တောင်) ကျေးရွာရှိ မြန်မာ့သစ်လုပ်ငန်း၊ စီမံကိန်းနှင့် စာရင်းအင်းဌာန၊ လေ့ကျင့်ရေးသင်တန်းကျောင်း အမှတ်(၁) နန်ချွန်တွင် ဖွင့်လှစ်သည့် အခြေခံသစ်တောပညာ အထူး(၃)လသင်တန်း အမှတ်စဉ်(၁)မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူအရာရှိ စုစုပေါင်း(၂၈)ဦးတို့သည်လည်းကောင်း၊ နေ့လယ်ပိုင်း တွင် ဒေါက်တာသီတာမြင့် ဦးဆောင်သည့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ သမိုင်းအထူးပြု ကျောင်းသား၊ ကျောင်းသူများနှင့် ကြီးကြပ်သူဆရာ၊ ဆရာမ(၂၂၆)ဦးတို့သည်လည်းကောင်း အမျိုးသားလွှတ်တော် အဆောက်အအုံများကို ကြည့်ရှုလေ့လာခဲ့ကြပါသည်။