Share this

အမျိုးသားလွှတ်တော်သို့ ပြည်သူများလာရောက်လေ့လာ

လှုပ်ရှားမှုများ

(၂၀.၅.၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦး (မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်-၁၀)၏ မိတ်ဆွေများဖြစ်သော လယ်ဝေးမြို့ ထူးချွန် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၃၂)ဦးတို့သည် လည်းကောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ နေပြည်တော်ကောင်စီနယ်မြေတွင် Internship Training ကွင်းဆင်းလေ့လာနေသော သင်တန်းသူ၊ သင်တန်းသား (၂၅)ဦးတို့သည် လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြတ်၏မိတ်ဆွေ (၂)ဦးတို့သည် လည်းကောင်း အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာခဲ့ကြပါသည်။