အမျိုးသားလွှတ်တော်ရုံး
ဝန်ထမ်းလျှောက်လွှာနောက်ဆုံးရက်နှင့် စာမေးပွဲအချိန်စာရင်းပြင်ဆင်သတ်မှတ်ခြင်း
၁။ အမျိုးသားလွှတ်တော်ရုံးတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး (ကွန်ပျူတာ) (၁၅)နေရာ၊ လစာနှုန်း (၂၁၆၀၀ဝိ - ၂၀၀ဝိ -၂၂၆၀၀ဝိ) ရွေးချယ်ခန့်ထားနိုင်ရေးအတွက် မြန်မာ့အလင်းသတင်းစာ နှင့် ကြေးမုံသတင်းစာတို့တွင် ၁၀.၁၁.၂၀၁၈ ရက်နေ့တွင် ထည့်သွင်းဖော်ပြကြေညာခဲ့ပြီးဖြစ်ပါသည်။
၂။ ၎င်းကြော်ငြာစာ၌ ပါရှိသော လျှောက်လွှာပေးပို့ရန်နောက်ဆုံးရက်နှင့်စာမေးပွဲအချိန်စာရင်း တို့အား အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်ပါသည်-
လျှောက်လွှာပေးပို့ရန်နောက်ဆုံးရက် - ၂၈.၁၂.၂၀၁၈ ရက် ( သောကြာနေ့)
ဖြေဆိုခွင့်ကတ်ပြားထုတ်ယူရမည့်ရက် - ၁၁.၁.၂၀၁၉ ရက် (သောကြာနေ့) (ရုံးချိန်အတွင်း)
ရေးဖြေစစ်ဆေးခြင်းဖြေဆိုရမည့်ရက် - ၁၂.၁.၂၀၁၉ ရက် (စနေနေ့) (၀၉၀၀) နာရီ
လူတွေ့စစ်ဆေးခြင်းဖြေဆိုရမည့်ရက် - ၁၉.၁.၂၀၁၉ ရက် (စနေနေ့) (၀၉၀၀) နာရီ
၃။ ဤကြေညာချက်ကို အမျိုးသားလွှတ်တော်ရုံး၏ Website (http://www.amyotha.hluttaw.mm) နှင့် Facebook Page (http://www.facebook.com/hluttawamyotha) တို့တွင်လည်း ဖော်ပြထားပါသည်။