Share this

အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးလွင်ဦးသည် ILO မှ Mr.Selim Benaissa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးလွင်ဦးသည် ILO မှ The Myanmar Programme on the Elimination of Child Labour(My-PEC)၏ Chief Technical Advisor ဖြစ်သူ Mr.Selim Benaissa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား (၁၆.၅.၂၀၁၉)ရက်နေ့ (၁၃၂၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် (J)ဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ILO မှ ကမ္ဘာ့ကလေးအလုပ်သမားပပျောက်ရေးနေ့အခမ်းအနားကို နေပြည်တော်တွင် ကျင်းပနိုင်ရေး၊ အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့်အတူ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။