Share this

အမျိုးသားလွှတ်တော်ရုံး၏ အငယ်တန်းစာရေးရာထူးဖြေဆိုခွင့်ရရှိသူများစာရင်း ထုတ်ပြန်

သတင်းနှင့် ပြန်ကြားရေး

အမျိုးသားလွှတ်တော်ရုံးတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးရာထူး (လစာနှုန်း ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) (၂၅)နေရာအတွက် ဖြေဆိုခွင့်ရရှိသူများအား အောက်ပါအတိုင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။

ဖြေဆိုခွင့်ကတ်ပြားများကို (၆-၉-၂၀၁၉)ရက် (သောကြာနေ့) တွင် လွှတ်တော်ရုံး၊ ဂိတ်အမှတ်(၂)ရှေ့၊ နေပြည်တော်၌ ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပါသဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။ ဖြေဆိုခွင့်ကတ်ပြားထုတ်ယူခြင်း မရှိသူများသည် (၇.၉.၂၀၁၉)ရက်နေ့တွင်ဖြေဆိုမည့် ကွန်ပျူတာစာစီစာရိုက်ကျွမ်းကျင်မှု လက်တွေ့စစ်ဆေးခြင်းကို ဝင်ရောက်ဖြေဆိုခွင့်ရရှိမည်မဟုတ်ပါ။

အသေးစိတ်သိရှိလိုပါက အမျိုးသားလွှတ်တော်ရုံး ဖုန်းနံပါတ် ၀၆၇- ၅၉၁၂၄၀၊ ၀၆၇- ၅၉၁၂၃၁ နှင့် ၀၆၇-၅၉၁၆၆၀ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။