Share this

အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးလွင်ဦးသည် UNDP မှ Mr. Thomas Gregory နှင့် ဩစတြေးလျအောက်လွှတ်တော်ရုံးမှ Clerk Assistant Mr. Peter Banson ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

သတင်းနှင့် ပြန်ကြားရေး

အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးလွင်ဦးသည် UNDP မှ Mr. Thomas Gregory နှင့် ဩစတြေးလျ အောက်လွှတ်တော်ရုံးမှ Clerk Assistant Mr. Peter Banson ဦးဆောင်သောအဖွဲ့အား (၁၂-၇-၂၀၁၉) ရက်နေ့ (၁၄၁၅) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် J ဆောင် ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ 

ထိုသို့တွေ့ဆုံရာတွင် မြန်မာလွှတ်တော်မဟာဗျူဟာစီမံကိန်း(၂၀၁၉-၂၀၂၂)အကောင်အထည်ဖော်ဆောင်မှုကို အထောက်အကူပြုနိုင်မည့် စောင့်ကြည့်မှတ်တမ်းတင်ခြင်း၊ အကဲဖြတ်ခြင်းနှင့် အစီရင်ခံခြင်းဆိုင်ရာလုပ်ငန်းများကို  စနစ်တကျ ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ 

အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့်အတူ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။