Share this

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သောအဖွဲ့ ဗီယက်နမ်နိုင်ငံမှ ပြန်လည်ရောက်ရှိ

ပြည်တွင်း ပြည်ပခရီးစဉ်

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Parliamentary Network on the World Bank & International Monetary Fund(PM) မှ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ပြီး (၉.၃.၂၀၁၈) ရက်နေ့ ညနေ ၆ နာရီက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ သံအမတ်ကြီး Dr. Luan Thuy Duong နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။