Share this

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့အရောက် သတင်းပို့ကြရန်ပန်ကြား

သတင်းနှင့် ပြန်ကြားရေး
အမိန့်ကြော်ငြာစာများ

ဒုတိယအကြိမ်အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်၊ တနင်္လာနေ့ နံနက် (၁၀)နာရီအချိန်တွင် စတင်ကျင်းပရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့တက်ရောက်ရန် ဖိတ်စာများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။
ထိုအစည်းအဝေးအတွက် လိုအပ်သည့်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသည် အစည်းအဝေးဖိတ်စာ လက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာဆောင် I -19 (အိုင် - ၁၉)သို့ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်ထက်မစော (၃)ရက်ထက်နောက်မကျစေဘဲ သတင်းပို့ကြရန်နှင့် ကိုယ်စားလှယ်စိစစ်ရေးကတ်ပြား ယူဆောင်လာကြရန်ပန်ကြားအပ်ပါသည်။