Share this

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား သုံးထပ်စက်ဝိုင်းစက်မှုလုပ်ငန်းကုမ္ပဏီလီမိတက်မှ ပြည်တွင်းစက်မှုလုပ်ငန်း Triple Circle Industry Co.,Ltd မှ ထုတ်လုပ်သည့် ပြည်တွင်းထုတ် Gold Mount & Triple Circle အမှတ်တံဆိပ်ပါ အဆင့်မြင့်လျှပ်စစ် Wire & Cable အမျိုးအစားများ၏ ထုတ်လုပ်ပုံအဆင့်ဆင့်အား ရှင်းလင်းဆွေးနွေးခြင်း

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား Triple Circle Industry Co.,Ltd မှ တာဝန်ရှိပုဂ္ဂိုလ်များက (၅.၉.၂၀၁၉)ရက်နေ့၊ အမျိုးသားလွှတ်တော် အစည်းအဝေးပြီးစီးချိန်တွင် နေပြည်တော်၊ အမျိုးသားလွှတ်တော် (J)ဆောင်၊ ထမင်းစားခန်းမ၌ လာရောက်ရှင်းလင်း ဆွေးနွေးပါသည်။

ယင်းတွေ့ဆုံရာတွင် Triple Circle Industry Co.,Ltd မှ Managing Directorနှင့် အဖွဲ့ဝင် (၁၁)ဦးက ပြည်တွင်းစက်မှုလုပ်ငန်း (Triple Circle Industry Co.,Ltd)မှ ထုတ်လုပ်သည့် ပြည်တွင်းထုတ် Gold Mount & Triple Circle အမှတ်တံဆိပ်ပါ အဆင့်မြင့်လျှပ်စစ် Wire & Cable အမျိုးအစားများ၏ ထုတ်လုပ်ပုံအဆင့်ဆင့်အား ရှင်းလင်းဆွေးနွေးပါသည်။

အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ အတွင်းရေးမှူး ဦးမြမင်းဆွေ၊ ကော်မတီဝင်များ နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။