Share this

အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များအား UNFPA ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးနှင့် UNFPA အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး တို့အဖွဲ့မှ လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် ကော်မတီဝင်များအား ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်၊ UNFPA ၏ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူး Ms.Laura Londen နှင့် UNFPA အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr.Bjorn Adersson တို့အဖွဲ့က (၁၈.၅.၂၀၁၈)ရက်နေ့ (၁၁၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင် အမှတ်(I-20) ကော်မတီအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် UNFPA ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Ms.Laura Londen နှင့် UNFPA အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr.Bjorn Adersson တို့ အဖွဲ့က “မျိုးဆက်ပွားကျန်းမာရေးနှင့် ကျား/မရေးရာ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ”ရှင်းလင်း ဆွေးနွေးပြောကြားပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ဦးကျော်သန်း၊ ဒေါက်တာတင်တင်ဝင်း၊ ဦးကျော်ကျော်ဝင်း၊ ဦးကျော်နိုင်၊ ဒေါက်တာဝင်းမြင့်ချစ်၊ ဦးတင်ဝေ၊ ဦးဖေချစ်၊ ဒေါ်အိအိပြုံးနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။