Share this

လွှတ်တော်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးစွာဆွေးနွေး

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းအား ယနေ့ နံနက် ၉ နာရီတွင် အမျိုးသားလွှတ်တော်ရေးရာဆောင် (I-20) ၌ ဂျာမနီနိုင်ငံအခြေစိုက် Hanns Seidel Foundation(HSF)မှ အဆင့်မြင့်နိုင်ငံရေးသမားများနှင့် (HSF) ၏ အဖွဲ့ဝင်များဖြစ်သည့် Prof. Ursula Mannle  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်၏ ကော်မတီဥက္ကဋ္ဌများ၊ အမျိုးသားလွှတ်တော်၏ ရေးရာကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍လည်းကောင်း၊ လွှတ်တော်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။