Share this

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ ဒုတိယအကြိမ် နှစ်ပတ်လည်အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်းသန်း တက်ရောက်

သတင်းနှင့် ပြန်ကြားရေး

ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီ ဒုတိယအကြိမ် နှစ်ပတ်လည် အခမ်းအနားကို (၁၈.၁၀.၂၀၁၉)ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Hilton ဟိုတယ်၌ ကျင်းပရာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးကျော်တင့်ဆွေ၊ ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးသိန်းဆွေ၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ ဒေါက်တာဝင်းမြတ်အေး နှင့် ဦးကျော်တင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်တင်၊ ဦးကျော်လင်းနှင့် ဦးစိုးအောင်၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်စုစုလွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ UEHRD ကော်မတီ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ UEHRD ကော်မတီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်၊ UEHRD ကော်မတီအဖွဲ့ဝင်များ၊ နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ၊ ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ NGOs ၊ INGOs များမှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော လူ့ဘောင်အသိုက်အဝန်းမျိုးစုံမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော လူ့ဘောင်အသိုက်အဝန်းမျိုးစုံမှ လူငယ်များ အဖွဲ့က “ပေါင်းစည်းခြင်းရဲ့အရသာ”၊ “ရခိုင်တို့မြေ လာခဲ့လေ” နှင့် “ငါတို့လျှောက်မယ့်လမ်း” သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ထို့နောက် UEHRD ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် UEHRD အဖွဲ့သားများအားလုံး၏ ပံ့ပိုးမှုနှင့် International Relation Task Force မှ ထုတ်လုပ်တင်ဆက်သည့် Short Filmကို ပြသသည်။

ထို့နောက် UEHRD ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ကော်မတီဒုတိယ ဥက္ကဋ္ဌများ၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စုစုလွင်နှင့် ကော်မတီ အဖွဲ့ဝင်များသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်လည်းကောင်း၊ နိုင်ငံတကာသံရုံးများမှ သံတမန်များနှင့်လည်းကောင်း၊ ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့အစည်းများနှင့် Red Cross Movement တို့မှ ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ အလှူရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်များနှင့် လည်းကောင်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ UEHRD Task Forces မှ တာဝန်ရှိသူများနှင့်လည်းကောင်း၊ ရန်ကုန်နှင့် နေပြည်တော်တို့ရှိ UEHRD ရုံးခွဲများ နှင့် NRPC ရုံးတို့မှ တာဝန်ရှိသူများနှင့်လည်းကောင်း၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော် ဖြေခဲ့ကြသည့် ရခိုင်ပြည်နယ် အတွင်း နေထိုင်လျက်ရှိသော လူ့ဘောင်အသိုက်အဝန်းမျိုးစုံမှ လူငယ်များအဖွဲ့နှင့်လည်းကောင်း စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။